မြန်မာဝဘ်ဆိုက်ဒီဇိုင်းမှ ခေတ်မှီလှပသော စီးပွားရေးလုပ်ငန်းဝဘ်ဆိုက်များကို နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုပြီး လူကြီးမင်းတို့စိတ်ကြိုက်ပြုလုပ်ပေးနေပါသည်။

ဝယ်ယူသုံးစွဲသူများ၏ စိတ်ကျေနပ်မှုသည် မြန်မာဝဘ်ဆိုက်ဒီဇိုင်းအတွက် အရေးအကြီးဆုံး ဖြစ်ပါသည်။

သင့်ရဲ့ပြိုင်ဘက်တွေထက် အမြဲတမ်း ခြေတစ်လှမ်းအသာ နေရာယူထားချင်သလား? မြန်မာဝဘ်ဆိုက်ဒီဇိုင်းကို ဆက်သွယ်ပါ

မြန်မာဝဘ်ဆိုက်ဒီဇိုင်းမှ ကြိုဆိုပါသည်။

မြန်မာဝဘ်ဆိုက်ဒီဇိုင်း Myanmar Website Design မှ နည်းပညာအဆင့်အတန်းမြင့်မားပြီး Google၊ Bing နှင့် Yahoo! တို့ကဲ့သို့နာမည်ကြီး search engine များမှ ရှာဖွေရလွယ်ကူသော website များကို စျေးနှုန်းချိုသာစွာ ထုတ်လုပ်ပေးလျှက်ရှိပါသည်။ အင်တာနတ်မှတဆင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ပြင်းစွာ တိုးတက်အောင်မြင်လာအောင် ရည်ရွယ်ပြီး ခေတ်မှီလှပသော စီးပွားရေးလုပ်ငန်းဝဘ်ဆိုက်များကို နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုပြီး မြန်မာဝဘ်ဆိုက်ဒီဇိုင်း Myanmar Website Design မှ အစအဆုံးတာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါသည်။

ဝဘ်ဆိုက်ဒီဇိုင်း ပြုလုပ်ခြင်း (Web design and development)

ဝဘ်ဆိုက် (Website) ဆိုတာ နေရာမရွေး၊ အချိန်မရွေး အင်တာနတ်ကဆင့် ဝင်ကြည့်လို့ရတဲ့ ကွန်ပြူတာစာမျက်နှာတွေကိုခေါ်တာပဲ ဖြစ်တယ်။ ဝဘ်ဆိုက်တွေပေါ်ပေါက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းတွေရဲ့အကြောင်းကို လူအများသိအောင် သူတို့ပိုင်ဆိုင်တဲ့ ဝဘ်ဆိုက်ကတဆင့်ပြောဖို့ အခွင့်အရေးရှိကြတယ်။ ကုမ္ပဏီတွေဟာ သူတို့ကုန်ပစ္စည်းတွေကို ဝဘ်ဆိုက်ကတဆင့် ရောင်းချနိုင်တယ်။ ဒီဝဘ်ဆိုက်တွေဟာ စီးပွားရေးလုပ်ငန်းတွေကို အကုန်အကျ အနည်းဆုံးနဲ့ အောင်မြင်မှုကို အထိရောက်ဆုံးလုပ်ပေးနိုင်တဲ့ အရာတခုလည်း ဖြစ်ပါတယ်။

ဒိုမိန်းလိပ်စာ ရောင်းချခြင်း (Domain Name Registration)

သင့်ဝဘ်ဆိုက်ကို သုံးစွဲသူတွေက လာရောက်ကြည့်ရှုနိုင်ဖို့ ဝဘ်ဆိုက်လိပ်စာ (သို့) ဒိုမိန်းလိပ်စာနာမည်လိုအပ်ပါတယ်။ Domain Name လို့ခေါ်တဲ့ ဒိုမိန်းနာမည်လိပ်စာဆိုတာဟာ အင်တာနက်မှာ အသုံးပြုတဲ့ လိပ်စာတမျိုးပါ။ သုံးစွဲသူတွေဟာသင့်ရဲ့ဒိုမိန်းနာမည်ကို ကွန်ပြူတာမှာရိုက်နှိပ်ပြီးမှ သင့်ဝဘ်ဆိုက်တည်ရှိရာကို ရောက်ရှိနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် ဒိုမိန်းနာမည်ဟာ ဝဘ်ဆိုက်တခုဖြစ်လာရန် လိုအပ်ချက်တွေထဲမှာ အရေးအကြီးဆုံး တခုပါ။ ပိုပြီးအရေးကြီးတာက သင့်စီးပွားရေးလုပ်ငန်းနာမည် (ဥပမာ – www.myanmarwebsitedesign.com) လို သင့်ကုမ္ပဏီနာမည်အပါအဝင် လုပ်ကိုင်နေတဲ့အလုပ်ကိုပါ တခါတည်းကိုယ်စားပြုနိုင်တဲ့ ဒိုမိန်းလိပ်စာမျိုး ရနိုင်ဖို့ပါပဲ။

ဝဘ်ဆိုက်ဟော့စတင်း ရောင်းချခြင်း (Web Hosting)

ဟော့စတင်း (Web Hosting) ဆိုတာဟာ သင့်ဝဘ်ဆိုက်ကို အင်တာနက် ရနိုင်တဲ့ မည်သည့် နိုင်ငံကမဆို ကြည့်ရှုနိုင်စေရန် အင်တာနက်နဲ့ ၂၄ နာရီပတ်လုံးချိတ်ဆက်ထားတဲ့ ကွန်ပြူတာဆာဗာပေါ်သို့ တင်ပေးထားခြင်း ဖြစ်ပါသည်။ ကောင်းမွန်ပြည့်စုံသည့် ဝဘ်ဆိုက်တခုဖြစ်ရန် ဒီဇိုင်းအပြင်အဆင်ကောင်းမွန်ပြီး နည်းပညာသုံးစွဲမှုအဆင့်အတန်းမြင့်မားရုံမျှနှင့် မလုံလောက်ပါ။ အင်အားကောင်းမွန်မြန်ဆန်သည့် Intel Pentium စက်များကိုအသုံးပြုထားပြီး ၂၄ နာရီပတ်လုံး Up time ရှိနေသော ဝဘ်ဆာဗာ (Web Server) များ၏ ဟော့စတင်းဝန်ဆောင်မှုလည်း အလွန်အရေးကြီးပါသည်။

အက်စ်အီးအို (Search Engine Optimisation)

အက်စ်အီးအို (ခေါ်) Search Engine Optimisation (SEO) ဆိုတာ သင့်ရဲ့ စီးပွားရေးလုပ်ငန်းဝဘ်ဆိုက်ကို ဝယ်ယူသုံးစွဲလိုသူများက Google, Yahoo, Bing တို့လို့ ဝဘ်ဆိုက်တွေမှာ ရှာဖွေတဲ့အခါ အလွယ်တကူ တွေ့ရှိနိုင်အောင် နည်းပညာပိုင်း လုပ်ဆောင်မှုကို ဆိုလိုတာဖြစ်ပါတယ်။ သုံးစွဲသူ (Customers) တွေဟာ တစုံတရာလိုအပ်လာရင် Search Engine လို့ခေါ်တဲ့ ရှာဖွေရေးအင်ဂျင်များမှ တစ်ဆင့်ရှာဖွေလေ့ရှိကြပါတယ်။ အင်တာနက်ပေါ်မှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ဝဘ်ဆိုက်တွေရှိနေတဲ့အထဲ သင့်ကုမ္ပဏီက ရောင်းချနေတဲ့ထုတ်ကုန် (သို့) ပေးနေတဲ့ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့စကားလုံးတွေကို ရှာဖွေတဲ့အခါ သင့်ရဲ့စီးပွားရေးဝဘ်ဆိုက်ကို Search Result Page ရဲ့ နေရာကောင်းမှာပေါ်လာအောင် လုပ်ထားရမှာ ဖြစ်ပါတယ်။